21st October 2021 By KYI
blog

ငါး၊ ယောက်သွား၊ ခရု စသော ရေနေသတ္တဝါများနှင့် ရေတွင်ပေါက်ရောက်သော အပင်များအပါအဝင်၊ စီးပွားရေးနှင့် ကုန်သွယ်ရေးတွင် တန်ဖိုးရှိသော ရေနေသတ္တဝါများကို၊ စောင့်ရှောက်၊ ပြုစု၊ မွေးမြူ ထုတ်လုပ်ခြင်းကို ရေထွက်ကုန်ပစ္စည်း မွေးမြူထုတ်လုပ်ခြင်း (Aquaculture) ဟု အဓိပ္ပာယ်ဖွင့်ဆိုကြပါသည်။ သို့ဖြစ်ရာ Aquaculture ဆိုသည်မှာ ရေတွင် စိုက်ပျိုး/ မွေးမြူခြင်းဖြစ်ပြီး ငါး/ ပုစွန်/ ဂဏန်း/ ခရု/ ယောက်သွား/ စားကမာနှင့် ရေတွင် ပေါက်သော ပင်လယ်ရေမှော်ပင်များ အပါအဝင် ရေသတ္တဝါများအား မွေးမြူထုတ်လုပ်ခြင်းကို ဆိုလိုပါသည်။