Blog Detail

blog

NAG သည် တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့များကို မကွေးတိုင်းတွင်သာမက ရန်ကုန်တိုင်းနှင့် စစ်ကိုင်းတိုင်းတွင်လည်း ဖွဲ့စည်းပြီး တောင်သူများ၏ အကျိုးစီးပွားအတွက် ဆောင်ရွက်နေပြီးဖြစ်သည်။ မကွေးတိုင်းတွင် အောင်မြင်ခဲ့သည့် စံနမူနာများကို အခြေခံကာ စစ်ကိုင်းတိုင်းဒေသကြီးရှိ မြောင်မြို့နှင့် ဝက်လက်မြို့နယ်တို့တွင်လည်း DCA-NCA အဖွဲ့၏ ရံပုံငွေ ပံ့ပိုးမှုဖြင့် “ကြံ့ကြံ့ခံနိုင်စွမ်းသော အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း” ကို ဆက်လက်ဆောင်ရွက်နေခြင်းဖြင့် Dry Zone Central Farmer Network ကို ဖော်ဆောင်ရန် ကြိုးပမ်းနေပြီးဖြစ်သည်။